လက်ရှိကာလတွင် မွတ်စလင်မ်များနှင့်ပဋိပက္ခဖြစ်လျှင် မွတ်စလင်မ်အားလုံးကိုသတ်ရန် သဘောထား မဘသ ဆရာတော်ထောက်ခံ

Occurred in Myanmar on Feb. 10, 2016 at 8:30 a.m.
Reported by nay mg via Internet on Feb. 10, 2016 at 10:25 a.m.
# Religious # Hate Speech # Anti Muslim # MaBaTha

This report is Confirmed true and is of High Priority. Here is why -
ဖေဖေါ်ဝါရီ ၁၀၊ ၂၀၁၆ မြန်မာနိုင်ငံတွင် ဗလီ (ခေါ်) လက်နက်စုဆောင်းရေးအဆောက်အအုံ ၃၀၀၀(သုံးထောင်) ၀န်းကျင်ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် လူငယ်ဖောက်ခွဲဖျက်စီးရေးသင်တန်းကျောင်း ၉ ၀၀ နီးပါးခန့် ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း မ.ဘ.သ အင်အားစုများက ဖေ့စ်ဘုတ်စာမျက်နှာများတွင် ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှစတင်ကာဖြန့်ဝေနေမှုများရှိနေသည်။ ယခုအချိန်ကာလတွင် ကုလား(မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များကို နိုမ့်ချခေါ်ဝေါ်သည့်အမည်)နှင့်၁၃၅ (တိုင်းရင်းသားလူမျိုးစုများကိုရည်ညွန်းသည်) တိုက်ပွဲဖြစ်မည်လားဟုမေးခွန်းထုတ်ထားသည့် အထက်ပါသွေးထိုးလှုံ့ဆော်မူတွင် နံပါတ်တစ်အနေဖြင့် ယခုအချိန်ကာလတွင် ကုလားနှင့် ၁၃၅ အရေးအခင်းဖြစ်ပွားခဲ့သော် စစ်တပ်အပါအ၀င်အားလုံးက ကုလားမှန်သမျှကိုသတ်ခြင်း ထိုသို့မဟုတ်ပါက နံပါတ်၂ အနေဖြင့် ဦးနေ၀င်းလက်ထက်ကကဲ့သို့ နိုင်ငံတကာနှင့်အဆက်အသွယ်ဖြတ် တံခါးပိတ်ဝါဒကျင့်သုံးကာ ပြည်တွင်းရှိ ကုလားမှန်သမျှတစ်ယောက်မကျန်အကုန်သာသတ် ဟု ရေးသားခဲ့ကြသည်။ အဆိုပါ ပို့စ်ကို ထင်ရှားသည့် မ.ဘ.သ ဘုန်းကြီးတစ်ပါးဖြစ်သည့် အရှင်နာယက ကလည်းသူ၏ ဖဘ စာမျက်နှာတွင် မူရင်း Pan Chitthu ထံမှဟု ခရက်ဒစ်ပေးကာ ထပ်ဆင့်ကူးယူဖေါ်ပြထားသည်။
Resolution added by - nay mg
I have also heard this
Comments